IT ဘွဲ့မရပဲ Software Developer ဖြစ်နိုင်လား?

October 07, 2024

ဖြစ်နိုင်ပါတယ်။

software developing မှာသုံးတဲ့ သင်္ချာတစ်ချို့ကိုတော့ နားလည်မှရပါမယ်။

ပြီးရင် logic အကြောင်းကိုသိရပါတယ်။

logic ဆိုတာကတော့ ဟုတ်တယ်၊ မဟုတ်ဘူး — yes or no ကိုပြောတာပါ။ (အဲ့ထက်ပိုပြီးကျယ်ပြန့်ပါတယ်)

နောက်ထပ်သိဖို့လိုတာကတော့ graph တေကြည့်တက်ရပါမယ်။
သင်္ချာ equation တွေကိုဖတ်တက်ရပါမယ်။

ခက်ခဲနေတဲ့ ပြဿနာတွေကို computer program ဖန်တီးပြီး ဖြေရှင်းရမှာဖြစ်တဲ့အတွက်
အပြင်ကပြဿနာကို software မှာဘယ်လိုဖြေရှင်း လိုက်ရင်အဆင်ပြေမလဲဆိုတဲ့ အမြင်ရှိရပါတယ်။

ဥပမာ -

ဆန်တစ်အိတ်ကို တန်ဖိုး ၂သိန်း
ဆန်က ၁၀ အိတ်ရှိတယ်။
အားလုံးပေါင်းတန်ဖိုး - ၂သိန်း x ၁၀ = ၂၀ သိန်း

အဲဒီဟာကို ဒီတိုင်းအပြင်လောကမှာဆိုရင် ဆန်အိတ်အရေအတွက်မတူတိုင်းမှာ
အရေအတွက်နဲ့ တန်ဖိုးနဲ့ကို မြှောက်နေရတယ်။

computer program တစ်ခုဖန်တီးလိုက်မယ်စိုပါစို့

  • ပထမဆုံး ဆန်အိတ် တန်ဖိုးကိုတောင်းထားပြီး မှတ်လိုက်မယ်။
  • ဆန်အိတ်အရည်အတွက်ထည့်တိုင်းမှာ စုစုပေါင်းတန်ဖိုးကို ထုတ်ပြနေမယ်။

အဲ့ဒီလိုဖန်တီးလိုက်တဲ့အတွက် ဆန်အိတ်တန်ဖိုးပြောင်းတိုင်း ကိုယ်တိုင် calculator နဲ့မြှောက်နေရတာကို
ကွန်ပျူတာကို ခိုင်းလိုက်နိုင်တာ။

အဲလိုမျိုး တွေစဥ်းစားပြီး ဖြေရှင်းတာကို problem solving လို့ခေါ်တာဖြစ်ပါတယ်။


ဒါကြောင့်မို့ Software Developer ဖြစ်ဖို့ IT ဘွဲ့မလိုပါဘူး။ မှန်ပါတယ်။

ဒါပေမယ့် သိရမဲ့ အချက်တွေတော့ ကိုယ်တိုင်လေ့လာထားရမှာပါ။

တက္ကသိုလ်တွေမှာတော့ လိုအပ်တာတွေကို ရွေးချယ်ပြီးသင်ပေးတာဖြစ်တဲ့အတွက် ဘွဲ့ရသူကအားသာနေတာပါ။

ဘာပဲဖြစ်ဖြစ် Software Developer ဆိုတဲ့အရာကို ရေရှိတဲ့ချောင်းရဲ့ ဟိုဘက်မှာလို့စိတ်ကူးကြည့်လိုက်
ဟိုဘက်ကမ်းကို ရောက်ဖို့ ချောင်းကိုတော့ဖျက်ကူးမှရောက်မှာပါပဲ။

လှေနဲ့ကူးကူး၊ လက်နဲ့ကူးကူး ရောက်တော့ရောက်မှာပေါ့။


Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin